အလုပ်နှင့် လုပ်

အနိမ့်ဆုံးလုပ်ခဥပဒေ။

သတ်မှတ်သောအနိမ့်ဆုံးလုပ်ခပေးခြင်း (အလုပ်နားရက်အတွက်လုပ်ခအပါအ၀င်) ဆိုသည်မှာအနိမ့်ဆုံး လုပ်ခ လစာညွှန်ကြားချက်အရပေးသောလုပ်ခဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာအနိမ့်ဆုံးလုပ်ခလစာသည် အသက်အရွယ်၊ လုပ်ငန်း၊ အတွေ့ အကြုံ၊ ဒေသမခွဲခြားဘဲအလုပ်သမားအားလုံးအတွက်သတ်မှတ်ထားခြင်းဖြစ်သည်။ ၄င်းတွင် အမြင့်ဆုံးလုပ်ခလစာသတ်မှတ်ခြင်းမပါဝင်။ အနိမ့်ဆုံးလုပ်ခလစာဥပဒေ (၂၀၁၃) ကလုပ်ခလစာကိုဤသို့ ဖွင့်ဆိုသည် - ပင်စင်၊ ဂရက်ကျူတီ၊ လူမှုဖူလုံရေးခံစားခွင့်များ၊ ခရီးစားရိတ်၊ တည်းခိုနေထိုင်ခ၊ ထမင်းစားရိတ်၊ လျှပ်စစ်မီတာခ၊ ရေခွန်ရေခ၊ ၀င်ငွေခွန်၊ ကျန်းမာရေးကုန်ကျစားရိတ်၊ အပန်းဖြေအနားယူကုန်ကျစားရိတ် တို့ အတွက်ခွင့်ပြုငွေ၊ နှင့် အလုပ်မှထွက်ခွာခြင်းခံစားခွင့် တို့ မပါဝင်သော အခြေခံလုပ်ခလစာဖြစ်သည်။

အနိမ့်ဆုံးလုပ်ခလစာဥပဒေအရနိုင်ငံလုံးဆိုင်ရာအနိမ့်ဆုံးလုပ်ခလစာကော်မီတီတရပ်ဖွဲ့ စည်းရမည်။ ထိုကော်မီတီတွင် သက်ဆိုင်ရာအစိုးရဌာနကိုယ်စားလှည်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှည်များ ပါဝင်ဖွဲ့ စည်းရမည်။ ကော်မီတီသည် နိုင်ငံတွင်းစက်ရုံအလုပ်ရုံများတွင် အလုပ်သမားများရရှိနေကြသောအနိမ့် ဆုံးလုပ်ခလစာ များကို လေ့လာဆန်းစစ်ခြင်းဆောင်ရွက်ရမည်။ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး /ပြည်နယ် အဆင့်ကော်မီတီများ ကိုအလားတူဖွဲ့ စည်းရန်ဖြစ်သည်။ အထူးစီးပွားရေးဇုန်များအတွက်သီးခြားကော်မီတီရှိရန်။ ထိုကော်မီတီများမှတွေ့  ရှိချက်များ၊ အကြံပြုချက်များကိုအမျိုးသားအဆင့်ကော်မီတီထံတင်ပြရန်ဖြစ်သည်။ အမျိုးသားအဆင့်ကော်မီတီသည် တင်ပြချက်များကိုအခြေပြုစဉ်းစားဆုံးဖြတ်ကာညွှန်ကြားချက်ကိုထုတ်ပြန်ရန်။အတည်မပြုမီဆိုင်းငံ့ကာလရက် (၆၀) သတ်မှတ်ထားသည်။ ထိုအတောအတွင်းလူထုမှ ထောက်ပြ ဝေဖန်ကန့် ကွက်ခြင်းများဆောင်ရွက်နိုင်သည်။        ကန့် ကွက်ခြင်း မရှိလျှင်အစိုးရမှအတည်ပြုကြေငြာရန်ဖြစ်သည်။

အနိမ့်ဆုံးလုပ်ခလစာပြဌာန်းခြင်းအကြုံးဝင်သောလုပ်ငန်းအမျိုးအစားများကို အမျိုးသားအဆင့်ကော်မီတီ ကသတ်မှတ်ရမည်။ ထိုလုပ်ငန်းများအပေါ်လေ့လာဆန်းစစ်ခြင်းအရအနိမ့်ဆုံးလုပ်ခလစာကိုသတ်မှတ်ခြင်းဖြစ်

သည်။ ကော်မီတီကထည့်သွင်းစဉ်းစားရန်အချက်အလက်များမှာ - အလုပ်သမားများနှင့် ၄င်းတို့ မိသားစုများ၏ လိုအပ်ချက်များ၊ လက်ရှိရရှိနေကြသောလုပ်ခလစာများ၊ လူမှုဖူလုံရေးခံစားခွင့်များ၊ လူနေမှုစားရိတ်နှင့်အတက်အကျ များ၊ သင့်တင့်သောလူနေမှုအဆင့်အတန်း၊ နိုင်ငံ့စီးပွားရေးလိုအပ်ချက်၊ တိုးတက်မှုတို့ နှင့်တပြေးညီအလုပ်အကိုင် ရရှိနိုင်မှု၊ GDP နှင့် လူတဦးချင်းကုန်ထုတ်လုပ်မှုတန်ဖိုး၊ ဘေးကင်း၍ကျန်းမာရေးနှင့်ညီညွတ်သောအလုပ်အကိုင်၊ လုပ်ငန်းအသီးသီး၏သဘောသဘာဝ နှင့် အစိုးရ၏ သဘောတူညီမှုအရ သက်ဆိုင်ရာဝန်ကြီးဌာနမှထည့်သွင်းထား သောအခြား အချက်အလက်များပါဝင်သည်။

လုပ်ငန်းရှင်သည်အနိမ့်ဆုံးတာဝန်အနေဖြင့် အမျိုးသားအဆင့်ကော်မီတီက အများလိုက်နာရန်ညွှန်ကြား သတ်မှတ် သည့် အနိမ့်ဆုံး လုပ်ခလစာ ကိုပေးရမည်။ ထို့ ပြင် ထိုလစာကိုအလုပ်သမားများသိရှိကြစေရန်ထုတ်ပြန်ရမည်၊ သိသာစေရန်ဘုတ်များတွင်စာကပ်ထားရမည်။ အလုပ်ရှင်အနေဖြင့်ထိုလုပ်ခထက်ပိုပေးနိင်သည်။ အလုပ်သမားများ၏သက်သာချောင်ချိရေးကိုလည်းအလေးပေးရမည်ဖြစ်သည်။

ဤဥပဒေချိုးဖေါက်မှုအားလုံးကိုပြစ်ဒဏ်သင့်စေရမည်။ တစ်နှစ်ထက်မပိုသောထောင်ဒဏ်၊ သို့ မဟုတ် ကျပ်ငါးသိန်းထက်မပိုသောဒဏ်ငွေ သို့ မဟုတ်နှစ်ရပ်လုံးကျခံစေရမည်။ အလုပ်သင်ကာလ (၃)လအတွင်း ပေးနိုင်သည့်လုပ်ခလစာမှာထိုက်သင့်သောအနိမ့်ဆုံးလုပ်ခလစာ၏ ၅၀% ဖြစ်သည်။ အစမ်းခန့်  (၃)လ ကာလအတွက် အနိမ့်ဆုံးလုပ်လစာ၏ ၇၅% ဖြစ်သည်။

မူရင်း။

အနိမ့်ဆုံးလုပ်ခဥပဒေ (ဥပဒေအမှတ် - ရ /၂၀၁၃)

အနိမ့်ဆုံးလုပ်ခစည်းမျဉ်း (ညွှန်ကြားချက်အမှတ် - ၆၄ /၂၀၁၃)

ပုံမှန်လုပ်ခလစာ။

အနိမ့်ဆုံးလုပ်ခဥပဒေနှင့် လုပ်ခလစာဥပဒေများအရလုပ်ခဆိုသည်မှာ အလုပ်ရှင်အတွက်အလုပ်သမားကအလုပ် လုပ်ပေး ရသော နာရီများ၊ ရက်များ၊ ရက်သတ္တပါတ်များ၊ သို့ မဟုတ်တစ်လအတွက်၊ သို့ မဟုတ်အခြားမည်သည့် အချိန်ပိုင်းအလုပ်အတွက်မဆို အလုပ်သမားကရရှိရမည့်အခကြေးငွေကိုခေါ်သည်။ ဤဖွင့်ဆိုချက်တွင်အချိန်ပိုအိုဗါတိုင်ကြေးနှင့်အလုပ်ကောင်းခြင်းဆု၊အကျင့်ကောင်းခြင်းဆု၊ဘောနပ်များအပြင်၊အခြားသောဝင်ငွေဟုသတ်မှတ်နိုင်သည့်ထုတ်ပေးငွေနှင့်ခံစားခွင့်များပါဝင်သည်။သို့ သော်ခရီးစားရိတ်၊ တည်းခိုနေထိုင်ခ၊ ထမင်းစားရိတ်၊ လျှပ်စစ်မီတာခ၊ ရေခွန်ရေခ၊ ၀င်ငွေခွန်၊ ကျန်းမာရေးကုန်ကျစားရိတ်၊ အပန်းဖြေအနားယူရန် ကုန်ကျစားရိတ် တို့ အတွက်ခွင့်ပြုငွေ စသည်တို့ မပါဝင်။

လုပ်ခကိုဒေသသုံးငွေကြေး၊ သို့ မဟုတ် မြန်မာနိုင်ငံဗဟိုဘဏ်ကသတ်မှတ်သောနိုင်ငံခြားငွေ တို့ ဖြင့် ပေးချေနိုင်သည်။ ငွေသားဖြင့်သော်၎င်း၊ ချက်လက်မှတ်ဖြင့်သော်၎င်းပေးနိုင်သည်။ သို့ မဟုတ်အလုပ်သမားနှင့် အလုပ်ရှင်သဘောတူညီမှုအရအလုပ်သမား၏ ဘဏ်ငွေစာရင်းသို့ လွှဲပေးနိုင်သည်။

လုပ်ခကိုအလုပ်ဆင်းရက်အလုပ်ပြီးချိန်တွင်အလုပ်ရှင်မှပေးချေရမည်။ သို့ မဟုတ် အလုပ်ရှင်နှင့်အလုပ်သမား သဘောတူထားသောအချိန်တွင်ပေးရမည်။ အလုပ်သမားကအလုပ် လုပ်ပေး ရသော နာရီများ၊ ရက်များ၊ ရက်သတ္တပါတ်များ၊ သို့ မဟုတ်တစ်လအတွက်၊ သို့ မဟုတ်အခြားမည်သည့် အချိန်ပိုင်းအလုပ်အတွက်ဖြစ်စေ၊       သို့ မဟုတ် ယာယီအလုပ်၊ သို့ မဟုတ် ပုတ်ပြတ်အလုပ် အတွက် အလုပ်ရှင်မှပေးချေရမည်။ အကြာဆုံးတစ်လတွင်ပေးချေရမည်။ အလုပ်သမား (၁၀၀) ထက်လျှော့နည်း သောလုပ်ငန်းတွင်လုပ်ခကို လုပ်ခပေးရန်ကာလစေ့သည်နှင့်ပေးချေရမည်။ အလုပ်သမား (၁၀၀) ထက်ပိုသော လုပ်ငန်းတွင်မူ လုပ်ခပေးရန် ကာလစေ့ရောက်သည်နှင့် (၅) ရက်အတွင်း အပြီး ပေးချေရန်ဖြစ်သည်။

အလုပ်ကန်ထရိုက်စာချုပ်ရပ်နားခြင်း သို့ မဟုတ်အလုပ်သမားသေဆုံးခဲ့ခြင်းဖြစ်လျှင်အလုပ်ရှင်မှပေးရန်ရှိသည်များ  ကို အလုပ်ဆင်းရက်(၂)ရက်အတွင်းရှင်းပေးရမည်။ အလုပ်သမားသည်အလုပ်မှနှုတ်ထွက်ခဲ့ပါကအလုပ်ရှင်မှပေးရန် ရှိသည်များကိုလုပ်ခပေးရန်ကာလ စေ့သည် နှင့် အပြီးပေးချေရမည်။

ဥပဒေမှပြဌာန်းသည့်အခြေအနေတရပ်အရမဟုတ်လျှင်အလုပ်ရှင်သည် အလုပ်သမား၏လုပ်ခကိုဖြတ်တောက် နှုတ်ယူခွင့်မရှိ။ အလုပ်သမားသည်မိမိ၏အလုပ်တာဝန်ကိုဆေင်ရွက်ရန်ပျက်ကွက်သည့်ကိစ္စမှလွဲ၍ အခြားမည် သည့်ကိစ္စတွင်မဆိုလုပ်ခဖြတ်တောက်ခြင်းသည် အလုပ်သမားရရမည့်လုပ်ခငွေ၏ ၅၀% ထက်မပိုရ။

ဆိုင်များနှင့်အလုပ်ဌာနများဥပဒေအရအလုပ်သမား၏လုပ်ခကိုအလုပ်ရှင်မှ လုပ်ခပေးရန်ကာလစေ့ရောက်သည်၏  (၇) ရက်အတွင်းရှင်းပေးရမည်ဖြစ်သည်။

လုပ်ခပေးခြင်းဥပဒေအရအလုပ်သမား၏လုပ်ခကိုလုပ်ခ၏ ၅၀% အထိ ၀တ္ထုပစ္စည်းဖြင့်လည်းပေးချေနိုင်သည်။ ထိုသို့  ပေးချေခြင်းသည် အလုပ်သမားနှင့်အလုပ်သမား၏မိသားစုအကျိုးစီးပွားအတွက်ဖြစ်ပြီးသင့်တင့်မျှတသော တန်ဖိုး ဖြတ်မှု အရဖြစ်ရန်လိုသည်။

အလုပ်ရှင်များသည်အလုပ်သမားအားလုပ်ခလစာပေးရာတွင် ငွေပေးချေခြင်းဖြတ်ပိုင်းများဖြင့်ပေးရမည်။ ထိုဖြတ်ပိုင်းတွင် အသေးစိတ်အချက်အလက်များပါရှိရန် - အလုပ်သမား၏ကိုယ်ရေးအချက်အလက်များ၊ အခြေခံအလုပ်ချိန်၊ အချိန်ပိုအိုဗါတိုင်နာရီနှင့် နာရီကြေး၊ ဘောနပ်၊ ဖြတ်တောက်ငွေ၊ အလုပ်ရှင်၏လက်မှတ် နှင့် အလုပ်သမား၏ လက်မှတ်တို့ ပါဝင်ရမည်။ အဆိုပါ “ပေးစလစ်” ဖြတ်ပိုင်းပုံစံကို ၀န်ကြီးဌာနမှညွှန်ကြားချက်ဖြင့် သတ်မှတ်ထားသည်။

မူရင်း။

အပိုဒ် - ၁၆ ၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)

အပိုဒ် -  ၂ (င) အနိမ့်ဆုံးလုပ်ခဥပဒေ (ဥပဒေအမှတ် - ရ /၂၀၁၃)

အပိုဒ် ၁ - ၁၀ လုပ်ခပေးခြင်းဥပဒေ (၂၀၁၆ ) 

loading...
Loading...