ဖြည့်စွက်ပေးခြင်း

အချိန်ပိုကြေး (အိုဗါတိုင်ကြေး)

အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) နှင့် ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ (၂၀၁၆) တို့ အရအလုပ်ချိန်ကို ထိန်းညှိ ထားသည်။ အလုပ်ရုံများအက်ဥပဒေအရပုံမှန်အလုပ်ချိန်သည် တနေ့  (၈) နာရီ၊ ရက်သတ္တတပါတ်လျှင်(၄၄) နာရီဖြစ် သည်။ စဉ်ဆက်မပြတ်လုပ်ကိုင်ရသောလုပ်ငန်းမျိုး (ဥပမာဓါတ်အားပေးရုံ) တွင် ရက်သတ္တတပါတ်လျှင်(၄၈) နာရီဖြစ် ၏။ အချိန်ပိုနှင့် နားချိန် (၅ နာရီကြာတိုင်းမီနစ် ၃၀ နား) အပါအ၀င် တနေ့ အလုပ်ချိန်စုစုပေါင်းသည် (၁၀) နာရီဖြစ် သည်။

 

ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) (ဈေးဆိုင်များ၊ ကုမ္ပဏီများ၊ အရောင်းအ၀ယ်ဌာနများ၊ ၀န်ဆောင်မှု လုပ်ငန်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများအကျုံးဝင်သည်) အရပုံမှန်အလုပ်ချိန်သည် တနေ့  (၈) နာရီ၊ ရက်သတ္တတပါတ်လျှင်(၄၈) နာရီဖြစ်သည်။အချိန်ပိုနှင့် နားချိန် (၁) နာရီ အပါအ၀င် တနေ့ အလုပ်ချိန်ူစုစုပေါင်းသည် (၁၁) နာရီထက်မပိုရ။

 

အလုပ်သမားတဦးသည်မိမိကိုယ်ပိုင်သဘောဆန္ဒဖြင့်အချိန်ပိုလုပ်ခွင့်ရှိသည်။ သို့ သော် ရက်သတ္တတပါတ်လျှင်(၁၂) နာရီ၊ အထူးအခြေအနေများတွင် (၁၆) နာရီထက်အချိန်ပိုလုပ်ခွင့်မရှိ။ အချိန်ပိုအလုပ်သိမ်းချိန်သည် ည နာရီကိုမကျော်လွန်ရ။

 

စက်ရုံများတွင်၊ ဆက်တိုက်အလုပ်လုပ်ရခြင်းမရှိသော အလုပ်သမားများအတွက် အချိန်ပိုနာရီသည် တစ်ပတ်လျှင် နာရီ (၂၀) ဖြစ်သည်။ (ဓာတ်ပေါင်းဖို၊ coke ဓာတ်ငွေ့ထုတ်လုပ်ရေး၊ ဓာတ်ဆီသန့်စင်ခြင်း၊ ဓာတုလုပ်ငန်းဌာနများ သို့မဟုတ် ထုတ်လုပ်မှုများ၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ ဆားချက်ခြင်း၊ သတ္တုတူးဖော်ရေး) တို့ကဲ့သို့ နေ့ည မရပ်နားဘဲ နည်းပညာအရ လုပ်ငန်းလည်ပတ်ရန် လိုအပ်သော အလုပ်များ သို့မဟုတ် (အထွေထွေနို့ထွက်ကုန်ပစ္စည်းများ) ကဲ့သို့ တစ်ပတ်ခုနစ်ရက် လည်ပတ်ရန်လိုအပ်သော ပျက်စီးလွယ်ကုန်ထုတ်လုပ်ငန်းများ သို့မဟုတ် (ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်) တို့ကဲ့သို့ အများပြည်သူသုံး ဝန်ဆောင်မှုများသည် ILO ၏ သတ်မှတ်ချက်အရ “မဖြစ်မနေ ဆက်တိုက်လုပ်ရန်လိုအပ်သော အခြေအနေ” တွင် အကျုံးဝင်သည်။

 

ရေနံတွင်းလုပ်သားများအတွက် ပုံမှန်အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၄ နာရီ ဖြစ်သော်လည်း ဆက်တိုက်လုပ်ဆောင်ရခြင်းအတွက်မူ တစ်ပတ်လျှင် ၄၈ နာရီအထိ တိုးမြှင့်ထားသည်။ ပုံမှန် အလုပ်ချိန် နာရီ ၄၀ လုပ်ရသော သတ္တုတွင်းလုပ်သားများအတွက်လည်း အလားတူပင်ဖြစ်သည်။ အလုပ်သမားသည် လုပ်ငန်းလိုအပ်ချက်အရ တစ်နေကုန်အလုပ်လုပ်ရန် လိုအပ်ပါက ၎င်း၏ တစ်ပတ် အလုပ်ချိန်ကို ၄၈ နာရီအထိ တိုးမြှင့်နိုင်သည်။

ဆိုင်များနှင့် လုပ်ငန်းဌာနများအတွက် တစ်ပတ်လျှင် ၄၈ နာရီ လုပ်ပြီးပါက အချိန်ပိုနာရီ စတင်သော်လည်း စက်ရုံအလုပ်သမားများအတွက်မူ ဆက်တိုက်လုပ်ရခြင်းမရှိပါက တစ်ပတ်လျှင် ၄၄ နာရီ လုပ်ပြီးနောက်တွင် အချိန်ပိုနာရီ စတင်သည်။ တနေ့  (၈) နာရီ၊ တပါတ် (၄၄/ ၄၈) နာရီထက်ကျော်၍ အချိန်ပိုလုပ်ကိုင်ခြင်းအတွက် အလုပ်သမားအား မပေးမနေရ အိုဗါတိုင်ကြေးကိုလုပ်ကိုင်သမျှ နာရီ /ရက်အတွက် အလုပ်ရှင်မှရှင်းပေးရမည်။ အချိန်ပိုတနာရီတိုင်းအတွက် အလုပ်သမား၏ အခြေခံလုပ်ခ၏ ၂၀၀% ပေးရမည်။ အလုပ်ရှင်သည်အချိန်ပိုခိုင်းခြင်းကိုအမြဲပုံမှန်လုပ်မည်ဆိုပါကစက်ရုံများနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနမှ ခွင့်ပြုချက်ကိုကြိုတင်ရယူရန်လိုသည်။ အချိန်ပိုကြေးကို တစ်ရက်ချင်းစီတွက်ချက်သည်။ ထို့ကြောင့် အလုပ်သမား၏ တစ်ပတ်အတွင်း အလုပ်ချိန်သည် ၄၄ နာရီ သို့မဟုတ် ၄၈ နာရီ မကျော်လျှင်လည်း တစ်နေ့အလုပ်ချိန် ၈ နာရီထက် ကျော်လျှင် အချိန်ပိုကြေးအဖြစ် သတ်မှတ်သည်။ အချိန်ပိုကြေးကို အောက်ပါအတိုင်း တွက်ချက်သည် [(အခြေခံလစာ * ၁၂ လ)/ (၅၂ ပတ် * ၄၄/၄၈ နာရီ)] * ၂

 

အခုရေနှင့်လုပ်သော အလုပ်သမားများသည် အချိန်ပိုနာရီအတွင်း ၎င်းတို့ ပျမ်းမျှဝင်ငွေ၏ နှစ်ဆ ခံစားခွင့်ရှိသည်။ အခုရေနှင့်လုပ်သော အလုပ်သမားများအတွက် လုပ်အားခကို ကြီးကြပ်ရေးမှူးက အလုပ်သမားများ၊ အလုပ်ရှင်၏ ကိုယ်စားလှယ်များ ကဲ့သို့ လက်တွဲလုပ်ကိုင်သူများနှင့် ညှိနှိုင်းသတ်မှတ်သည်။

 

မူရင်း။

အပိုဒ် ၁၁၊ ၁၂၊ ၁၇

ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)

အပိုဒ် ၅၉၊ ၆၂၊ ၆၄၊ ၇၃ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

ညအချိန်အလုပ်လုပ်ရခြင်းအတွက်ဖြည့်စွက်ပေးခြင်း။

ညအချိန်အလုပ်လုပ်ရခြင်းအတွက်ဖြည့်စွက်ပေးခြင်း။

၎င်းနှင့်ပါတ်သက်သည့်အထူးပြဌာန်းချက်မရှိပါ။

ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) အရမည်သည့် ဈေးဆိုင် ၊ စီးပွားရေးလုပ်ငန်းမဆိုညအချိန် ၂၃၀၀ နာရီမှ နံက် ၀၅၀၀ နာရီအတွင်းပိတ်ထားရမည်ဖြစ်သည်။ အများပြည်သူဖျော်ဖြေရာဌာနများဖြစ်သည့် ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ အခမဲ့ ဖျော်ဖြေပွဲများသည် ၀၁၀၀ နာရီမှ ၀၅၀၀ နာရီအတွင်းပိတ်ထားရမည်ဖြစ်၏။

 

မူရင်း။

အပိုဒ် ၇ - ၈  ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)

အစားထိုးနားရက် /ပိတ်ရက်များ။

အစားထိုးနားရက် /ပိတ်ရက်များ။

အလုပ်သမားတယောက်သည် ရက်သတ္တပါတ်ပိတ်ရက်တွင် အလုပ်ဆင်းဖို့  လိုအပ်ပါက အလုပ်ဆင်းရမည်။ ထိုသို့  အလုပ်ဆင်းရမည်ဆိုပါကသူ /သူမအားတနင်္ဂနွေနေ့ မတိုင်မီ (၃) ရက်အလို၊ သို့ မဟုတ် တနင်္ဂနွေနေ့ အလွန်နေ့  တနေ့ တွင် ရက်သတ္တပါတ်နားရက် တစ်ရက်အစားထိုးပေးရန်ဖြစ်သည်။ အလုပ် သမား တယောက်ကိုနားရက်မရှိဘဲ (၁၀) ရက်ဆက်တိုက်အလုပ်မလုပ်စေရ။ စက်ရုံတရုံကိုရက်သတ္တပါတ် အလုပ်နားရက် များတွင်အလုပ်လုပ်ရန် လိုအပ်ချက်အရအထူးကင်းလွတ်ခွင့်ပေးထားပါကထိုစက်ရုံ အလုပ်သမားများကိုအဆိုပါလ အတွင်း ၊ သို့ မဟုတ်နောက်လာသောပြက္ခဒိန်လ (၂) လအတွင်းနားရက်များအစားထိုးပေးရမည်။

အများပြည်သူရုံးပိတ်ရက်တွင်အလုပ်လုပ်ရသောအလုပ်သမားများအတွက် အစားထိုးနားရက်များနှင့်ပါတ်သက်၍ ပြဌာန်းထားခြင်းမရှိပါ။

မူရင်း။

အခန်း(၇)  အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

ရက်သတ္တပါတ်နားရက် အများပြည်သူပိတ်ရက်များတွင်အလုပ်လုပ်ရခြင်းအတွက်ဖြည့်စွက်ပေးငွေ။

ရက်သတ္တပါတ်နားရက်များတွင်အလုပ်လုပ်ရခြင်းကိုအချိန်ပို-အိုဗါတိုင်အဖြစ်သတ်မှတ်ပါက ထိုရက်များ အတွက်လုပ်ခကိုအိုဗါတိုင်နာရီကြေး (အခြေခံလုပ်ခ၏ ၂၀၀%) ဖြင့်ပေးရမည်။ အများပြည်သူပိတ်ရက်များတွင်အလုပ်လုပ်ရခြင်းအတွက်လည်းလုပ်ခကိုအလားတူပေးရမည့်အပြင် ရှားပါး စားရိတ်ကြေးပါဆောင်းပေးရမည်။ (Cost of living allowance)

မူရင်း။

အပိုဒ် - ၁၇၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆)

အပိုဒ် - ၇၃၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

အပိုဒ် - ၀၃ (၂)၊ ခွင့်နှင့်ပိတ်ရက်များအက်ဥပဒေ (၁၉၅၁)

loading...
Loading...